ကျောက်တော် မေ ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊မြို့နယ်ပြည်သူ့ဆေးကြီးတိုးချဲ့ဆောင်အတွင်း၌ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီက အဆိုပါနေရာ၌ ဒေသခံပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ကျောက်တော်မြို့နယ်၌ မေလ (၁၄) ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှု ခံစားခဲ့ရသော ပြည်သူများအတွက် ဆေးကုသမှုအခက်အခဲမရှိစေရန် ဒေါက်တာကျော်လင်းအောင် ဦးဆောင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကလေးအထူးကုပါရဂူ၊ အထွေထွေ သမားတော်ကြီး၊ ခွဲစိတ်ပါရဂူ၊ အရိုးပါရဂူနှင့်လက်ထောက်ဆရာဝန်တို့ပါဝင်သောအဖွဲ့မှ ကျေးလက်နေပြည်သူများ၊ မြို့ပေါ်ရပ်ကွက် နေပြည်သူများ၊ ကျောက်တော်မြို့နယ်အတွင်းမှ မုန်တိုင်းရှောင်ပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသော ကလေးသူငယ်များ စသော ပြည်သူများ လာရောက်၍ ဆေးကုသမှုခံယူကြရာ လိုအပ်သည့် ဆေးဝါးများနှင့် ဆေးကုသပေးမှုများအား(အခမဲ့) ဆက်လက်ဆောက်ရွက်ပေးလျက်ရှိပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း