မာန်အောင် မေ ၂၄
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ လိုက်ပါလျက် သစ်ပုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား/သူများအား ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုပြီး ဆရာ၊ ဆရာမများနှင့်ကျောင်းသား မိဘများအား အားပေးစကားပြောကြားခဲ့သည်။
မာန်အောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊ အ-ထ-ကခွဲ(၄)ကျောင်း၊ အ-လ-က(၉)ကျောင်း၊ အ-လ-ကခွဲ(၄)ကျောင်း၊ အ-မ-က (၇၈) ကျောင်း၊ မူလွန်(၁၃)ကျောင်း၊ မူလတန်းကျောင်းခွဲ(၁)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း စုစုပေါင်း(၁၁၉)ကျောင်းရှိပြီး ယခုလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)