ဗိုလ်ချုပ်စိုးနိုင်ဦးနှင့်တာဝန်ရှိသူများ သံတွဲမြို့အတွင်းရှိ သာသနိကအဆောက်အအုံများနှင့် ပြည်သူ့ဆေးရုံတို့ကို ကြည့်ရှုစစ်ဆေး

သံတွဲ   မေ    ၂

ရခိုင်ပြည်နယ်သံတွဲမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်စိုးနိုင်ဦးသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်က သံတွဲမြို့ မြို့ဦးတောင်ဘုန်းတော်ကြီး ကျောင်းသို့ရောက်ရှိပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တရေဝတအား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်နှင့် ဆီများဆက်ကပ် လှူဒါန်းကာ သာသနိကအဆောက် အအုံများ ပျက်စီးဆုံးရှုံးမှုရှိမရှိ အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဗိုလ်ချုပ် စိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် သံတွဲမြို့ရှိ သာသနာ့ဗိဗ္မာန်တော်သို့ သွားရောက်၍ မုန်တိုင်းတိုက်ခတ်မှုကြောင့် အဆောက်အဦများ ပျက်စီး ဆုံးရှုံးမှုရှိ မရှိအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦအား‌ရေရှည်တည်တံ့စေရေးအတွက် စနစ်တကျထိန်းသိမ်း စောင့်ရှောက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍  သံတွဲခရိုင်ပြည်သူ့ ဆေးရုံကုတင်-၁၀၀ သို့  သွားရောက်၍ ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းက မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများနှင့်ပြန်လည်ပြင်ဆင်ပြီးစီးမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက် ဆေးရုံတက်ရောက် ကုသမှုခံယူနေကြသည့် သံဃာတော်များနှင့် လူနာများကို တွေ့ဆုံအားပေး စကားပြောကြားကာ အာဟာရဖြည့် အစား အစာများအား ပေးအပ်ခဲ့သည်။ သံတွဲခရိုင်ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင် စက်ရုံသို့ သွားရောက်ရာ ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းထွန်းက အောက်ဆီဂျင် စက်ရုံလည်ပတ်နိုင်မှုနှင့် ထုတ်လုပ်နိုင်မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။ ဗိုလ်ချုပ် စိုးနိုင်ဦးမှ သဘာဝဘေးဒဏ်ကျ‌ရောက်ပါက စက်ရုံအတွင်း ရေဝင်ရောက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် မှာကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)