ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီဝင်တို့က လေဘေးသင့် စေတီတော်မြတ်ကြီး၏ သာသနီကအဆောက်အဦများ ခေါင်မိုးပြုပြင်ရန် အလှူငွေလှူဒါန်းခြင်းနှင့် လေဘေးသင့်ဒေသများမှ လူနာများအား သွားရောက်ကြည့်ရှု

မြေပုံ မေ ၂၄

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေးပြန်လည်ထူထောင်ရေး ကော်မတီဝင်များ သည် ယနေ့နံနက်(၉) နာရီခွဲအချိန်က မြေပုံမြို့နယ်၊ အငူကျေးရွာရှိ လေဘေးသင့် ဗုဒ္ဓရင်ရိုးတော် ဓါတ်တော်စေတီတော်မြတ်ကြီး၏ သာသနိကအဆောက်အဦ ခေါင်မိုးလန်ခြင်းများ ပြန်လည်ပြုပြင်ရန် အလှူငွေလှူဒါန်းခြင်းနှင့် မြို့နယ်ပြည်သူဆေးရုံ၌ လေဘေးသင့်ဒေသမှ လူနာများအား သွားရောက်ကြည့်ရှုသည်။

နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုများနှင့်အညီ လေဘေးသင့်ဒေသပြန်လည်ထူထောင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်၍ နယ်မြေခံတပ်နယ်မှ ဗျူဟာမှူးဗိုလ်မှူးကြီးထွဋ်ခေါင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီဝင်တို့က မြေပုံမြို့နယ်၊ အငူကျေးရွာရှိ ဗုဒ္ဓရင်ရိုးတော်ဓါတ်စေတီတော်မြတ်ကြီး ဓါတ်လှေကားလျှောက်လမ်း ခေါင်မိုးလန်ခြင်းနှင့် စေတီတော်မြတ်ကြီး အာရုံခံဓမ္မာရုံကြီး ခေါင်မိုးလန်ခြင်းတို့ ပြန်လည်ပြုပြင်ရန် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက စေတီတော်မြတ်ကြီး ဂေါပကဥက္ကဋ္ဌ ဦးတင်အေးအား အလှူငွေများ လှူဒါန်းသည်။

ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေးပြန်လည်ထူထောင်ရေး ကော်မတီဝင်တို့က မြို့နယ်ပြည်သူ့ ဆေးရုံသို့သွားရောက်ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းနှင့်တွေ့ဆုံကာ လေဘေးသင့်ဒေသများမှ ဆေးကုသရန် ရောက်ရှိနေသော လူနာများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး လူနာများအား အာဟာရဒါနအဖြစ် ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်ဝင်း