ရမ်းဗြဲမြို့၌ သဘာဝဘေးဖြစ်ပွားသည့်ဒေသများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သွပ်များမျက်နှာကျက် ကျောက်ပြားများနှင့် အလှူငွေများထောက်ပံ

ရမ်းဗြဲ မေ ၂၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင်  မိုခါမုန်တိုင်းကြောင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော   ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့် တာဝန်ရှိသူများတို့သည်   ယနေ့ နံနက်(၉)နာရီအချိန်က  ရမ်းဗြဲမြို့တောင်ကျောင်း ဘုန်းတော်ကြီးကျောင်းနှင့် ဗဟန္တောင်ဘုန်းတော်ကြီးကျောင်းများသို့  သွားရောက်ပြီး  မုန်တိုင်းလွန်ကာလ  သံဃာတော်များ ဆွမ်းအခက်အခဲ မဖြစ်ပေါ်စေရေးအတွက်  ဆွမ်းဆန်၊ ဆီနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။

ဆက်လက်ပြီး  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရမ္မာဝတီခန်းမ၌  မိုခါမုန်တိုင်းကြောင့်  ပျက်စီးသွားသည့် ရမ်းဗြဲမြို့နယ် အတွင်း   ပညာရေးဌာနရှိ စာသင်ကျောင်း မျက်နှာကျက်နှင့် အုတ်နံရံပျက်စီးမှုများ သာသနိကအဆောက်အဦများ အမိုးလန် ပျက်စီးမှုများအား ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဗိုလ်မှူးချုပ်ဇော်မင်းအေးမှ  မိမိအစီအစဉ်ဖြင့် သွပ်များ၊ မျက်နှာကျက် ကျောက်ပြားများနှင့် ထောက်ပံ့အလှူငွေ သိန်း(၅၀၀၀၀၀၀/-)ကျပ်တိတိအား ပေးအပ်လှူဒါန်းရာ  မြို့နယ်သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းနှင့် တာဝန်ရှိသူများက  လက်ခံရယူကြသည်။

ထို့နောက်  ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့် တာဝန်ရှိသူများသည်  ရမ်းဗြဲမြို့အမှတ်(၂)ရပ်ကွက်ရှိ   အ.မ.က-ရွှေတုံး စာသင်ကျောင်း၊ အမှတ်(၅) ရပ်ကွက်ရှိ အ.မ.က လောင်းချောင်းစာသင်ကျောင်း၊ အထက(၁)ကျောင်းများတွင်၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ ကျောင်းသား/သူများအား  ကျောင်းအပ်နှံနေမှုကို  ကြည့်ရှုပြီး၊ ဆရာ/မများနှင့် ကျောင်းသားမိဘများအား အားပေးစကား ပြောကြားကာ  မြို့ပေါ်ရပ်ကွက်ရှိ  စာသင်ကျောင်း(၇) ကျောင်းသို့၊ (၁)ကျောင်းလျှင် ငွေ(၅၀၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေ(၃၅၀၀၀၀/-) ကျပ်ကို ဗိုလ်မှူးချုပ်ဇော်မင်းအေးကမိမိအစီအစဉ်ဖြင့်  အာဟာရထောက်ပံ့ငွေများအား  လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)