မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော နေရာများအား ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ စာသင်ကျောင်းများ၊ ကျေးရွာများရှိ လူနေအိမ်များကို မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ ပျက်စီးနေမှု စာရင်းကောက်ခံထားရှိမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး ကြည့်ရှု

မောင်တော  မေ ၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင် ရေးအတွက် ‌နိုင်ငံတော်မှ မောင်တောဒေသသို့ အနီးကပ်ကြီးကြပ်နိုင်ရန် ရောက်ရှိနေသော  ဗိုလ်မှူးချုပ် တင်ဆွေသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေဦး ၊ မြေပြင်စာရင်းကောက်ယူရေး ကြီးကြပ်ရေးအဖွဲ့၊ တာ၀န်ရှိသူများနှင့် အတူ ယမန်နေ့ ညနေပိုင်းက လေဘေးကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းများ၊ ကျေးရွာများရှိ လူနေအိမ်များ ပျက်စီးနေမှုအား မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ စာရင်းကောက်ခံထားရှိမှုများအား  ယနေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သည်။

အဆိုပါ ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများ နှင့်အတူ  မုန်တိုင်းကြောင့် လေဘေးသင့်ပြီး ပျက်စီးဆုံးရှုံး‌ခဲ့သော မောင်တော မြို့နယ်အတွင်း ကျောက်လှေကားကျေးရွာရှိ အခြေခံပညာ မူလတန်းလွန် ကျောင်းနှင့် ရွှေဇားကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းများတွင် စာသင်ဆောင်နှင့် စာသင်ဆောင်များ တစ်ချို့ အမိုးလန် ပျက်စီးနေမှုများအား  စာရင်းကောက်ယူထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ဆရာမများ ရင်းရင်းနှီးနှီး တွေ့ဆုံနူတ်ဆက်ကာ ကျောင်းအပ်လက်ခံနေမှု အခြေအနေများအား မေးမြန်းခဲ့ပြီး သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ/ဆရာမကြီးများက  ကျောင်းအပ်လက်ခံနေမှု အခြေအနေများ နှင့်ပတ်သတ်၍ ဖြေကြားခဲ့သည်။

ထို့နောက် လှဖိုးခေါင် ယာယီနေရာချထားရေးစခန်းသို့ ရောက်ရှိပြီး  ယာယီလက်ခံ‌ရေးစခန်းအတွင်း အသစ် တပ်ဆင်ထားသော ABH အလုံးများ တစ်ချို့ ပြိုလဲပျက်စီးခြင်း၊ အိမ်သာများ ပျက်စီးနေမှုများ ၊ သက္ကပြင်ကျေးရွာရှိ ပြန်လည်၀င်ရောက်လာသူများ နေထိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိသည့် နေအိမ်များ အမိုးလန်၊ ပြိုလဲပျက်စီးနေမှုများ ၊ မြို့မအရှေ့ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာနှင့် ရဲတပ်ဖွဲ့ဝင်များ၏ နေအိမ်လိုင်းခန်းများ ပျက်စီးနေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ယင်းနောက် ပန်းတောပြင်ကျေးရွာနှင့် ဒုညောင်ပင်ကြီး ကျေးရွာအတွင်းရှိ  လေဘေးကြောင့် လူနေအိမ်များ၊ အဆောက်အဦများ ပျက်စီးခဲ့မှုအား လိုက်လံကြည့်ရှုရာ မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ စာရင်းကောက် ယူထားရှိမှုများအား လိုက်လံ ရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)