ဂွ မေ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အလွန်ပြင်းထန်သော ဆိုင်ကလုန်း(မိုခါ)မုန်တိုင်း တိုက်ခတ်မှုကြောင့် ရွှေဦးကွင်းကျေးရွာရှိ လူနေအိမ်များ၊ ကြွေချိုင် ကျေးရွာနှင့် ကွင်းကြီးကျေးရွာ (အထက်ပလ္လင်မော်)/(အောက်ပလ္လင်မော်)ရှိ ဘုန်းတော်ကြီးကျောင်းများတွင် အမိုးများ ပျက်စီးခဲ့သဖြင့် မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက သွပ်နှင့် သွပ်သံများကို မေလ(၂၃)ရက်နေ့က အဆိုပါ ကျေးရွာများရှိ လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ ပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော သွပ် (၇' x ၃') (၁၀၀)ချပ်နှင့် သွပ်သံ(၂)ပိဿာကို ရွှေဦးကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း၊ ကျိန္တလီမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဥာဏ်လင်းက ကြွေချိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း (၄) ကျောင်းအတွက် သွပ်(၅၉)ချပ်နှင့် သွပ်သံ (၅၀)ကျပ်သား၊ ကွင်းကြီး ကျေးရွာ (အထက်ပလ္လင်မော်)နှင့် (အောက်ပလ္လင်မော်)တို့ရှိ ဘုန်းတော်ကြီးကျောင်း (၅)ကျောင်းသို့ သွပ်(၁၉၀)ချပ်နှင့် သွပ်သံ(၄)ပိဿာ၊ သွပ်ခေါင်ချုပ် (၅)ချပ် တို့ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်