ဘူးသီးတောင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများပုံမှန်ထုတ်ပေး

ဘူးသီးတောင် မေ ၂၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများအား ယနေ့ နံနက် ၈ နာရီအချိန်ကစတင်ကာ ပုံမှန်အတိုင်းထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လုပ်သက်ပြည့်ပင်စင်၊ နှစ်ပြည့်ပင်စင်၊ လျော့ပေါ့ပင်စင်၊ ဆေးပင်စင်စသည်ဖြင့် အငြိမ်းစား ဝန်ထမ်းများ၏ လစဉ်ပင်စင်ထုတ်ရက်ကို ပုံမှန် ၂၂ ရက်မှ လကုန်ရက်ထိသတ်မှတ်ကာ ဘဏ်ဖွင့်ချိန် နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ စနစ်တကျ ထုတ်ပေးလျက်ရှိရာ အသက်အရွယ်ကြီးသူ အငြိမ်းစားဝန်ထမ်းများ၏ ကျန်းမာရေးအခြေအနေအရ အနားယူအပန်းဖြေနိုင်စေရန် ဘဏ်အနီးရှိနားနေခန်းတွင် စနစ်တကျထားရှိပေးပြီး လိုအပ်သည့်အထောက်အထားများနှင့်အတူ အချိန်နှင့်တစ်ပြေးညီ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်အေးအေးခိုင်ထံမှ သိရသည်။

လှကျော်