ဘူးသီးတောင် မေ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူး သီးတောင်မြို့နယ်တွင် မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းကာ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှေ့တို့၌ ပိတ်မိနေသည့် အမှိုတ်များအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များစုစုပေါင်း( ၁၅၀)ဦးခန့်ပူးပေါင်း၍ ပိတ်မိနေသော သစ်ပင်သစ်ကိုင်းများ၊ အမှိုက်များ၊ သင်းဝင်ကိုင်း၊ ခမောင်း၊ ဗန်ဒါပင်များအား အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။
လှကျော်(ပြန်/ဆက်)