ပုဏ္ဏားကျွန်းမြို့၌ အခြေခံပညာကျောင်းများတွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုပျက်သွားသည့် အဆောက်ဉီးများနှင့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း

ပုဏ္ဏားကျွန်း မေ ၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ အခြေခံပညာကျောင်းများတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြိုပျက်သွားသည့် အဆောက်အဉီးများနှင့် ကျိုးကျနေသည့် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သည့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း၊ အ-ထ-က (ခွဲ) မြို့မ၊ မူ/လွန် (မြို့သစ်) ကျောင်းနှင့် မူ/လွန် (ရွာဟောင်း) ကျောင်းများတွင် ကျောင်းအပ်လက်ခံနိုင်ရေး အတွက် အဖွဲ့ (၃) ဖွဲ့ခွဲကာ မိုခါမုန်တိုင်းကြောင့် ပြိုပျက်သွားသည့် အဆောက်အဉီးနှင့် ကျိုးကျနေသည့် သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင်းရှင်းလင်း ဖယ်ရှား ပေးခြင်း၊ အမှိုက်သရိုက်များအား သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ပြိုလဲပျက်စီးခဲ့သည့် ဓာတ်မီးတိုင်များ၊ ရုံးဌာနများ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချိန်နှင့်တပြေးညီ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နီထွန်းအောင်