ရသေ့တောင် မေ ၂၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ဗိုလ်ချုပ်အောင်မျိုးထွန်း ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥက္ကဋ္ဌနှင့်ကော်မတီဝင်များတို့က ယမန်နေ့နံနက် (၉)နာရီ(၃၀)မိနစ်အချိန်တွင် ရသေတောင်မြို့ မြို့ပေါ်၌ လေဘေးခိုလှုံရာစခန်း ဖွင့်လှစ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း ၆ ကျောင်းသို့ သွားရောက် ကြသည်။
နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ဗိုလ်ချုပ်အောင်မျိုးထွန်း ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ကော်မတီဝင်တို့က ရသေ့တောင်မြို့ပေါ်ရှိ ယာယီလေဘေးခိုလှုံရာစခန်းများ ဖွင့်လှစ်ထားသည့် စေတီယဂႅဏဘုန်းတော်ကြီးကျောင် တိုက်၊ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းတိုက်၊ သာသနာ့ဇောတိပါလ ဘုန်းတော်ကြီးကျောင်းတိုက်၊ တောင်လှမော်ဘုန်းတော်ကြီးကျောင်းတိုက်၊ ပရဟိတ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကြီးများအား ဖူးမျှော်ကာ ဆရာတော်ကြီးများအား (၇) မယ်ပါထောက်ပံပစ္စည်းများအား လှူဒါန်းပြီးဆရာတော်ကြီးထံမှ ဩဝါဒခံယူသည်။
ရသေ့တောင် မြို့တွင်ဗိုလ်ချုပ် အောင်မျိုးထွန်း ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များက နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအတိုင်း မြို့ပေါ်ရပ်ကွက်များ အတွင်း၌ လေဘေးခိုလှုံရာ စခန်းဖွင့်လှစ်ခဲ့သော ဘုန်းတော်ကြီးကျောင်းများအပြင် ဘုန်းတော်ကြီးကျောင်း (၃၁)ကျောင်းသို့ သွားရောက်ပြီး (၇) မယ်ပါထောက်ပံပစ္စည်း(၂၆) အိတ်၊ ဆန်(၄၀) အိတ်နှင့် ပဲ(၄) အိတ်တို့ကို လှူဒါန်းခြင်းတို့ကို သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရသေ့တောင်(ပြန်/ဆက်)