ရသေ့တောင် မေ ၂၃
၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော အလွန်ပြင်းအားကြီးသော (မိုခါ)ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရသေ့တောင်မြို့၌ ထိခိုက်ပျက်စီးမှုများခဲ့သဖြင့် တစ်မြို့နယ်လုံးနီးပါး ထိခိုက်ပျက်စီးခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၉၈ ရာနှုန်းထိခိုက်ပျက်စီးခဲ့သဖြင့် အမှိုက်သရိုက်များအား နေ့စဥ်ရှင်းလင်းဆောင်ရွက်ခဲ့ကြရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ် ထွေထွေအုပ်ချုပ်ရေးရုံးဝင်းအတွင်း ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးအမှိုက်ကောက်ခြင်း၊ လိုက်လံသိမ်းဆည်းခြင်း၊ မီးရှို့ခြင်းများဆောင်ရွက်ခဲ့ကြပြီး စွန့်ပစ်အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မော်တော်ယာဉ်ဖြင့် သတ်မှတ်နေရာသို့ စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရသေ့တောင်(ပြန်/ဆက်)