ဂွမြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သဘာဝဘေးဖြစ်ပွားသည့်ဒေသများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် သွပ်များထောက်ပံ့

ဂွ မေ ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အလွန်ပြင်းထန်သော ဆိုင်ကလုန်း(မိုခါ)မုန်တိုင်း တိုက်ခတ်မှုကြောင့် မြို့မရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရဟိုင်ကူးတို့ကျေးရွာရှိ စာသင်ကျောင်းတွင် အမိုးများပျက်စီးခဲ့သဖြင့်  မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များက သွပ်(၁၅၉)ချပ်နှင့် သွပ်သံ(၇)ပိဿာနှင့် ၅၀ကျပ်သားကို ယနေ့ညနေ ၄ နာရီအချိန်တွင် အဆိုပါ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းအား  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သွားရောက်ပေးအပ်ခဲ့ကြသည်။

ထိုသို့ပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော သွပ်(၇'x၃')(၁၀)ချပ်နှင့် သွပ်သံ(၅၀)ကျပ်သားကို မြို့မရပ်ကွက်၊ ဓမ္မမာလာဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ သွပ်(၇'x၃') (၂၀)ချပ်နှင့် သွပ်သံ(၁)ပိဿာကို မြို့မရပ်ကွက်၊ မင်းဓမ္မဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊သွပ် (၇'x၃')(၁၂၉)ချပ်နှင့် သွပ်သံ(၆)ပိဿာကို ရဟိုင်ကူးတို့ကျေးရွာ၊ အ.ထ.ကကျောင်းသို့လည်းကောင်း ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်