ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်း များအား ကြည့်ရှုစစ်ဆေး

ကျောက်ဖြူ  မေ  ၂၃

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့တွင် ဆိုင်ကလုန်း မုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်ရှိ သဇင်ဆောင်အဆောက်အဦ ခေါင်မိုးနှင့် မျက်နှာကျက်ပျက်စီးမှု ပြန်လည် ပြုပြင်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ကျောင်းမဖွင့်မီ အချိန်အမီ ပြီးစီးနိုင်ရေး၊ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ သတ်မှတ်ရက် အတွင်း အချိန်မီပြီးစီးရေးတို့ကို လမ်းညွှန်မှာကြားသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် စေတီတောင်ရပ်ကွက်၊ ဓမ္မဆာယာ ကျောင်းတိုက် ဆရာတော်၊ မြို့နယ်သံဃာ့နာယကဉက္ကဋ္ဌ ဘဒ္ဒန္တစန္ဒာဝရအား သွားရောက်ကြည်ညို ကန်တော့ပြီး စားနပ်ရိက္ခာနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ မုန်တိုင်းဒဏ်ကြောင့် ကျောင်းဆောင်ပျက်စီးမှု အခြေအနေများအား မေးမြန်းလျောက် ထားပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးသည်။  

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကုလားဘာတောင်ရပ်ကွက်ရှိ သိမ်တောင်ကျောင်းတိုက်သို့ ရောက်ရှိကာ ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆)မှ နယ်လှည့်ဆေးကုသခြင်းနှင့် မိုခါမုန်တိုင်းလေပြင်းဒဏ် ခံစားခဲ့ရသော ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး နေမှုကို ကြည့်ရှု စစ်ဆေးပြီး ဆေးကုသမှုလာရောက်ခံယူနေကြသည့် ပြည်သူများကို အားပေးစကားများ ပြောကြားကာ လူတစ်ယောက်လျှင် (၇)ရက်စာ အမယ်(၅)မျိုးပါရှိသည့် ဆန်ရိက္ခာထုတ်နှင့် Nay Pyi Taw သောက်ရေသန့် တစ်ကဒ်စီ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ငလပွေ့ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်၍ မုန်တိုင်းဒဏ်ကြောင့် အမိုးလန်ပျက်စီး ခြင်းကို ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ ကျောင်းမဖွင့်မီ အချိန်မီ ပြီးစီးနိုင်ရေးအားလည်းကောင်း၊ ၎င်းရပ်ကွက်အတွင်းရှိ ငလပွေ့ဆိပ်ကမ်း၊ ဘော တံတားပျက်စီးနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြန်လည်တည်ဆောက်‌‌ရေးအတွက် အမြန်ဆုံး တင်ပြသွားနိုင်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကညင်တောရပ်ကွက်၊ အခြေခံပညာ မူလတန်း(လွန်)ကျောင်းနှင့် ပြင်ဖြူမော်ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းများသို့ သွားရောက်ပြီး မုန်တိုင်းဒဏ်ကြောင့် ကျောင်းခေါင်မိုးလန်ပျက်စီးမှုအား ကြည့်ရှုစစ်ဆေးကာ ကျောင်းအပ်နှံ မည့်ရက်မတိုင်မီ ကျောင်းခြံဝန်းများ သန့်ရှင်းသာယာလှပစေရေးနှင့် အမိုးများ အမြန်ဆုံး မိုးနိုင်ရေး လမ်းညွှန်မှာကြားပြီး ပြင်ဖြူမော်ကျောင်းတိုက် ဆရာတော်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဦးစန္ဒာဝရအား သွားရောက်ကြည်ညို ကန်တော့ပြီး စားနပ်ရိက္ခာနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းကာ မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဆွမ်းစားကျောင်းဆောင် ပျက်စီးမှုပြုပြင်ခြင်းအား ကြည့်ရှုစစ်ဆေးပြီး စနစ်တကျ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး မှာကြားသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည်  အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းခေါင်မိုးခြင်း လုပ်ငန်းပြီးဆောင်ရွက်စီးမှုအခြေအနေများနှင့် ရေစင်ပြန်လည်ပြုပြင်ခြင်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)