ဘူးသီးတောင်မြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာ၀န်ရှိသူများ စာသင်ကျောင်းများသို့ သွားရောက်ကြည့်ရှု

ဘူးသီးတောင် မေ ၂၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ ဘူးသီးတောင်ဒေသသို့ အနီးကပ် ကြီးကြပ်နိုင်ရန် တာဝန်ပေးခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ယမန်နေ့နံနက်ပိုင်းက ဘူးသီးတောင်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် (ဂန္ဓာမာကျေးရွာ) အခြေခံပညာမှုလတန်းကျောင်းသို့ သွားရောက်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် မိုခါမုန်တိုင်းကြောင့် လေဘေးသင့်ပြီး ပျက်စီးဆုံးရှုံးခဲ့သော ကျောင်းများ၏ အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းများပျက်စီးနေမှု အခြေအနေများအား တင်ပြခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက စာသင်ကျောင်းများ အချိန်မှီဖွင့်လှစ်နိုင်ရေး အတွက်ပျက်စီးနေမှုများအား အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနိုင်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)