ရခိုင်ပြည်နယ် ပေါက်တောမြို့သို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ရောက်ရှိ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ပေါက်တော   မေ  ၂၂

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် နေရာများသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ရှာဖွေကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရန်  ပေါက်တောမြို့သို့ ရောက်ရှိလျက်ရှိကြသည်။

ယနေ့ နံနက်ပိုင်းက ပေါက်တောမြို့တွင် ဗုဒ္ဓသာသနဓမ္မဗိမာန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အ.ထ.က(မြို့မ)တွင် မုန်တိုင်းဒဏ်ကြောင့် လဲပြိုကျနေသော သစ်ပင်များအား ပိုင်းဖြတ်ဆောင်ရွက်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးတိုင်းများနှင့် မီးကြိုးများအား ပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)