အမ်း မေ ၂၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ်အမှတ် (၃)စျေးရပ်ကွက်အောက် ကျင်း၌ တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နေကြသောအသျှို ချင်းတိုင်းရင်းသူ တိုင်းရင်း သားများရိုးရာ နှီးဝါး ဖြင့်အသုံးအ ဆောင်ပစ္စည်းများတစ်ပိုင်တစ်နိုင်ရက် လုပ်ရောင်းချ နေသူများနှင့်ပြန်ကြား ရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ယမန် နေ့ညေနအချိန်ကသွား ရောက်တွေ့ဆုံလေ့လာကာ အားပေးစကားများပြောကြားခဲ့ပြီး မေးမြန်းချက်များအရ လုပ်ငန်းများအဆင်ပြေကာအဝယ်လိုက်လျက်ရှိကြောင်း သိရသည်။
အမ်းမြို့နယ် အတွင်းဒေသထွက်ဝါးနှီးတို့ဖြင့်ဝါးထရံ (ဇလီ)၊နှီးခေါက်ဖျာ၊စပါလှမ်းနှီးဖျာ၊ဝါး ခမောက်၊ စကော၊ပလုံး ၊တောင်း၊အမိုးသက်ကယ် နှင့်အ ခြားထည့်စရာ အသုံးအဆောင်ပစ္စည်း များရက် လုပ်ရောင်းချ ပြီးဝင်ငွေရရှိနေသူအသျှိုချင်းတိုင်းရင်းသူ တိုင်းရင်း သား များနှင့် တွေ့ဆုံကာ မြို့နယ် မိ ခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဉက္ကဋ္ဌ ဒေါ်ဇူလိုင်ထွေး ဦးဆောင်သောအဖွဲ့ဝင်များက ကျေးလက်နေပြည်သူများ၏ အသေးစား၊အလတ်စားကုန် ထုပ်လုပ်ငန်းများတစ်ပိုင်တစ်နိုင်ကုန် ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသော အသျှိုချင်းတိုင်ရင်းသူတိုင်းရင်း သားများနှင့်သွားရောက်တွေ့ဆုံအားပေး စကားများ ပြောကြားခဲ့သည်။
ဆက်လက်ပြီးအသျှိုချင်းတိုင်း ရင်းသားများရိုးရာ နှီးဝါးများဖြင့်ပြုလုပ်ရ သော ဝါးထရံ (ဇလီ) ၊နှီးခေါက်ဖျာ၊ စပါးလှမ်းဖျာ၊ဝါးခမောက်၊ စ ကော၊ ပလုံး၊တောင်း ၊အမိုးသက်ကယ်နှင့် ထည့်စရာ အသုံး အဆောင်ပစ္စည်းများ ရက်လုပ်ရောင်းချနေ သူများနှင့်တွေ့ဆုံ မေးမြန်းခဲ့ရာယခင် နှစ်များ ကထက်ခုနှစ် အတွင်းဝါးထရံ (ဇလီ) နှီးခေါက်ဖျာနှင့် ခမောက်များမှာ အဝယ်လိုက်ရောင်း ရကြောင်းဝါးထရံတစ် ချပ်ကိုငွေကျပ်နှစ်သောင်း ကျော်သုံးသောင်းရရှိပြီး အရောင်းရအကောင်းဆုံးဖြစ်ကြောင်း၊ နှီးခေါက်ဖျာနှင့် ခမောက်များလဲအဝယ်လိုက်ကြောင်း ခမောက်တစ်ချပ်(၂၅၀၀)ကျပ်မှ (၃ဝဝဝ) ထိရောင်းရ၍ ဝါးနှင့်ရက်လုပ်နေသူများယ ခင်နှစ်များကထက် အဝယ်လိုက်၍ ရောင်းအားကောင်းကာစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်