ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ တာ၀န်ရှိသူများနှင့်အတူ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံနှင့် ကျေးလက်ဆေးပေးခန်းများ သွားရောက

မောင်တော မေ ၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ‌နိုင်ငံတော်မှ မောင်တောဒေသသို့ အနီးကပ်ကြီးကြပ်နိုင်ရန် တာ၀န်ပေးခဲ့ရသည့် ဗိုလ်မှူးချုပ်တင်ဆွေ သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများ နှင့်အတူယမန်နေ့ ညနေပိုင်းက လေဘေးကြောင့် ပျက်စီးခဲ့သော အဆောက်အဦးများအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

အဆိုပါ ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများနှင့်အတူ  မုန်တိုင်းကြောင့် လေဘေးသင့်ပြီး ပျက်စီးဆုံးရှုံး‌ခဲ့သော မောင်တောမြို့နယ်အတွင်း ကျောက်ပန္ဒူကျေးရွာရှိ ကျေးလက်ကျန်းမာ‌ရေးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ အင်းဒင်းကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန ပြိုလဲပျက်စီးနေမှုနှင့် ခေါင်မိုးလန်ပျက်စီးနေမှုများအား ကြည့်ရှု စစ်ဆေးပြီး ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရေး တာ၀န်ရှိသူများအား မှာကြားခဲ့သည်။ထို့နောက် မောင်တောမြို့ ပြည်သူ့ဆေးရုံ‌‌ခြံ၀င်း‌အတွင်း  လေဘေးကြောင့် ခေါင်မိုးလန်ပျက်စီးသွားသော အ‌ဆောင်များအား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များအား တာ၀န်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။

ယင်းနောက်   ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ညနေပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာ မုန်တိုင်းဘေးကြောင့် လေဘေးသင့်‌ခဲ့သော ကျေးရွာများတွင် စာရင်းများ ကောက်ယူရာတွင်  ပျက်စီးဆုံးရှုံးမှုအား စနစ်တကျ စာရင်းကောက်ယူပြီးစာရင်း၊ ဇယားများအား တိကျမြန်ဆန် မှန်ကန်စေရန်လိုအပ်ပါကြောင်း၊ ဇွန်လတွင်လည်း အခြေခံပညာကျောင်းများ ဖွင့်လှစ်မည့် ဖြစ်သည့်အတွက် ပျက်စီးဆုံးရှုံးခဲ့သော ကျောင်းများအား အမြန်ဆုံး ပြုပြင်ဆောင်ရွက်ရန်လိုကြောင်း စသည့်တို့ကို မှာကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးက ကျေးရွာများအတွင်း  မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများတွင် ယနေ့အထိ ပျက်စီးဆုံးရှုံးမှု စာရင်းများကောက်ခံပြီးစီးမှု အခြေအနေများ၊ စာရင်းဇယားမှန်ကန်မှု ရှိစေရေးအတွက် ဌာနဆိုင်ရာများအလိုက် စာရင်းကောက်ခံနေမှုများ၊ ပျက်စီးနေသည့် ‌အခြေခံပညာကျောင်းများအား ပြုပြင်ရန်‌စီစဉ်‌ဆောင်ရွက်နေပါကြောင်း၊ မိမိအား‌ပေးအပ်ထားသောတာ၀န်အား ဌာနဆိုင်ရာအနေဖြင့် စနစ်တကျ လိုက်နာစေလိုပါကြောင်း စသည့်တို့ကိုပြောကြားခဲ့ပြီး တက်ရောက်လာကြသော ခရိုင်သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့များက ကော်မတီအလိုက် ပြန်လည်ထူထောင်ရေးကိစ္စများဆောင်ရွက်နေမှု၊ ကျေးရွာများအလိုက်  စား‌ရိက္ခာများနှင့် ကယ်ဆယ်ရေးပစ္စည်းများ  ထောက်ပံ့ပေးခဲ့မှုများ၊ စာရင်းဇယားကောက်ယူရေး အဖွဲ့များမှ စာရင်းကောက်ယူခဲ့မှု အခြေအနေမျအား ရှင်းလင်းတင်ပြကြရာ တင်ပြဆွေးနွေးချက်များ အပေါ် ဗိုလ်မှူးချုပ်မှ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)