ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများ မာန်အောင်မြို့နယ် အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် စာသင်ကျောင်းများအားကွင်းဆင်းစစ်ဆေး

မာန်အောင် မေ ၂၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စာသင်ကျောင်း များအား ပြန်လည် ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်မှ မာန်အောင်ဒေသကို အနီးကပ် ကြီးကြပ်နိုင်ရန် တာဝန်ပေးခံရသည့် ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်၈နာရီခွဲက မာန်အောင်ကျွန်း ပတ်လမ်း တစ်လျှောက်ရှိ စာသင်ကျောင်းများအား သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ဗိုလ်မှူးချုပ်ကျော်ကျော်ဦး၊တောင်ကုတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊(ခေတ္တ)ဥက္ကဋ္ဌ ဗိုလ်မှူး သူရိန်စိုး၊(ခေတ္တ) မြို့နယ်အုပ်ချု ပ်ရေးမှူး ဦးအောင်ဇော်ထွဋ်၊ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်နိုင်တို့ပါဝင်သောအဖွဲ့သည် မာန်အောင် ကျွန်းပတ်လမ်း တစ်လျှောက်ရှိမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးစာသင်ကျောင်းများ ဖြစ်သည့် အ-ထ-က(ခွဲ)အိုးဝ၊အ-ထ-က ကမား၊အ-လ-က ပြင်ကောက်၊အ-မ-က ဘုတ်မျက်တော၊ အ-လ-က(ခွဲ) ကျူ၊ အ-လ-က မိမ္မကြွယ်၊အ-လ-က ကအီး၊ အ-မ-က ပလင်ပုန်းဆိုး၊ အ-ထ-က ဆားချက်၊ အ-မ-က  ကံတိုင်းအုပ်၊ အ-မ-က တောင်အောက်ပြင်၊အ-ထ-က ကျောက်တန်း စသည့်ကျောင်းများအား သွားရောက် ကွင်းဆင်းစစ်ဆေးပြီးကျောင်းဖွင့်ရက် အမီကျောင်းများ ဖွင့်လှစ်နိုင်ရန်အမြန်ဆုံး ပြုပြင်နိုင်ရေးရပ်မိ ရပ်ဖများ၊ ကျောင်းအကျိုးတော် ဆောင်များနှင့် တွေ့ဆုံပြီး ညှိနှိုင်း ပေါင်းစပ်ပေးခဲ့သည်။

မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် စာသင်ကျောင်း(၄၃)ကျောင်း ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)