အမ်း မေ ၂၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးခြင်းကို ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှဦးဆောင်မှုဖြင့် ယမန်နေ့ နေ့လယ်၂ နာရီအ ချိန်တွင် ရွှေအမ်းတောင်ခန်းမ၌ ပြည်သူများအားထောက်ပံပေးအပ်ခဲ့သည်။
အမ်းမြို့နယ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) အန္တရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အမ်းမြို့နယ်အတွင်းမှ ရပ်ကွက်/ ကျေးရွာအုပ်စု (၁၇)အုပ်စုမှ အိမ်ထောင်စု ၂၇၉ စု၊ လူဦးရေ ၁၁၉၅ ဦးအတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှထောက်ပံ့ပေးအပ်သော အခြေခံစားသောက်ကုန် ဆန်၊ ဆီး၊ ဆား၊ ငပိ စသောထောက်ပံ့ရေးပစ္စည်း(၄)မျိုးတို့အား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင်၊ မြို့နယ်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်က လေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့် ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ငပိ ရိက္ခာပစ္စည်းများအား ထောက်ပံပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူး ကြီးမောင်မောင်ခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လေဘေးသင့်ပြည်သူ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)