မြေပုံ မေ ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်များအား ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေးပြန်လည်ထူထောင်ရေးအဖွဲ့ဝင်များမှ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ထိခိုက်မှုများပြားသော ကျေးရွာအုပ်စု(၁၆)အုပ်စုသို့ ဆန်များ လွှဲပြောင်း ပေးအပ် ထောက်ပံ့ခြင်းပြုလုပ်သည်။
ဆန်ထောက်ပံပေးအပ်ရာသို့ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး၊ နယ်မြေခံတပ်နယ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီဝင်များတို့က မြေပုံမြို့နယ်တွင် ရပ်ကွက်(၁၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၉)အုပ်စု၊ ကျေးရွာ(၁၅၅)ရွာတို့မှ လေဘေးသင့်ပြည်သူ(၃၁၅၅၃)ဦးရှိရာမှ ထိခိုက်မှုများသော ကျေးရွာ အုပ်စု(၁၆)အုပ်စု၊ ကျေးရွာ(၃၁)ရွာတို့မှ လေဘေးသင့်ပြည်သူ(၉၅၄၂)ဦးအတွက် တစ်ဦးလျင် နို့ဆီ(၁၀)လုံး နှုန်းဖြင့် ဆန်ရိက္ခာ(၅)ရက်စာအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်များမှ ဆန်အိတ် (၄၉၆)အိတ်နှင့် ဆန် နို့ဆီဗူး(၁၀)လုံးကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)