မြေပုံ မေ ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် လူနေအိမ်နှင့် အဆောက်အဦများ၊ တာတမံများ၊ လူနှင့်တိရစ္ဆာန်များ သေကြေ ပျက်စီးဆုံးရှုံးမှုများအား ပြန်လည် ထူထောင်ရေးဆောင်ရွက်ရန် မြေပုံမြို့သို့ ရောက်ရှိလာသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုးသည် ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်က ရဟတ်ယာဉ်ဖြင့် ရောက်ရှိသည်။
နယ်မြေခံတပ်နယ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေးအဖွဲ့များ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်မှ သဘာဝဘေးမဖြစ်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် မိုခါမုန်တိုင်းတိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေများ၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ထားရှိမှုများအား Projector ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက မြေပုံမြို့နယ်သည် မုန်တိုင်းဒဏ်ကြောင့် တခြား မြို့နယ်များထက် ဆိုးဆိုးဝါးဝါး ပျက်စီးဆုံးရှုံးမှု မရှိသည့်အတွက် ဝမ်းသာပါကြောင်း၊ မိမိမြို့နယ်တွင် ပျက်စီးဆုံးရှုံးမှုများသည့် နေရာများကို ပြန်လည်ထူထောင်ရေး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည် ထူထောင်ရေးဆောင်ရွက်ရာ၌ ပျက်စီးဆုံးရှုံးမှုစာရင်းဇယားမှန်ကန်မှု အရေးကြီးကြောင်း၊ ဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
တင်ဝင်း မြို့နယ်(ပြန်/ဆက်)