ဘူးသီးတောင် မေ ၂၀
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီးလူနေအိမ်များ အမိုးလန်ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ လေဘေးသင့် နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများကို ဘူးသီးတောင် တပ်နယ်မှူးဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် သရက္ကင်မနူးကျေးရွာနှင့် ကြာညိုပြင်ကျေးရွာများသို့ သွားရောက်ပြီး လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်များအား အိမ်ထောင်စု(၁၆၈)စု၊ လူဦးရေ(၈၉၁)ဦးတို့အတွက် ဆန်( ၆၄)အိတ်၊၂၃ပြည်၊၂ ဘူးနှင့် ဆီ၇၇.၉၆ပိသာ၊ ဆား၁၅.၅၉ပိသာ၊ ခေါက်ဆွဲခြောက် ၂၀ ထုတ်တို့အား ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေအပ်ရာကျေးရွာသူ/သားများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်မှ လေဘေးသင့် ပြည်သူများအား သောက်ရေသန့်များ ဆက်လက်လှူဒါန်းခဲ့ကြပြီး အစိုးရစက်မှုအထက်တန်းကျောင်းသို့ သွားရောက်ကာ မိုခါမုန်တိုင်းကြောင့် ပျက်စီးနေမှုများအား လှည့်လှယ်ကြည့်ရှုခဲ့ကြပြီး ပျက်စီးဆှုံးမှုများအား အမြန်ဆုံးတင်ပြပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)