မြေပုံ မေ ၁၅
ရခိုင်ပြည်နယ်၊ မြေပုံမြို့၌ လေမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် အဆောက်အဦးများ အမိုးလန်ခြင်း၊ သစ်ပင်သစ်ကိုင်းများ၊ ဓာတ်မီးတိုင်များ ပြိုလဲကျိုးပျက်စီးပြီး လမ်းပိတ်ဆို့မှုများဖြစ် ပေါ်နေခြင်းအား ရှင်းလင်းခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က တာဝန်ရှိသူများက ကွင်းဆင်းရှင်း လင်းဆောင်ရွက်သည်။
နယ်မြေခံတပ်နယ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးထွဋ်ခေါင်လမ်းညွန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်ဦးဆောင်ကာ ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများကို နယ်မြေခံတပ်နယ်မှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအ သင်းအဖွဲ့ဝင်များတို့က လမ်းမီးတိုင်ပြိုလဲမှုများ၊ မီးကြိုးများ၌ သစ်ပင်သစ်ကိုင်းများ ပိနေမှုများနှင့် လမ်မပေါ်သွားလာရေး လွယ်ကူစေရန် ခေါင်မိုးလန်အပျက်အစီးများ၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျပြီး လမ်းပိတ်နေမှုများ၊ လမ်းပေါ်၌ ဒီရေလှိုင်းများဖြင့် တင်ကျန်ရစ်သော အမှိုက်များကို စုပေါင်းရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ဝင်း