သံတွဲမြို့နယ်တွင် “အင်အားပြင်းမိုခါမုန်တိုင်း” တိုက်ခိုက်မှုကြောင့် လူနေအိမ်နှင့် အဆောက်အဦအချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပွား

သံတွဲ   မေ ၁၅

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ယနေ့နံနက်က “အင်အားပြင်းမိုခါမုန်တိုင်း” တိုက်ခိုက်မှုကြောင့် လူနေအိမ်နှင့် အဆောက်အဦအချို့ ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းတိုက်ခတ်မှုကြောင့် သံတွဲမြို့နယ်အတွင်းရှိ ကျေက္ကလပ်ကျေးရွာအုပ်စုတွင် နေအိမ်၁၅ လုံး၊ စာသင်ကျောင်း ၁ ကျောင်း ဆုံးရှုံးမှုတန်ဖိုး ၇.၂၇ကျပ်သန်း၊ ဝက်ထီးတောင်ကျေးရွာတွင် နေအိမ် ၆ လုံး ပျက်စီး ဆုံးရှုံးမှုတန်ဖိုး ၁.၅၉ကျပ်သန်း ၊ဆတ်လည်မျှော်ကျေးရွာအုပ်စုတွင်  အခြားအဆောက်အဦတစ်လုံး ပျက်စီး ၊ဆုံးရှုံးမှုတန်ဖိုး ၀.၅၀ကျပ်သန်း၊ ၊ ဥယျာဉ်ကွင်းကျေးရွာတွင် စာသင်ကျောင်း တစ်ကျောင်း ပျက်စီး ဆုံးရှုံးမှုတန်ဖိုး ၁.၂၅ကျပ်သန်း၊ မော်ရုံကျေးရွာတွင် လူနေအိမ်(၁၃)လုံး အမိုးလန်၊ ထရံကွာ ဆုံးရှုံးမှု တန်ဖိုး ၂.၃၀ကျပ်သန်း၊ဇီးဖြူကုန်းရပ်ကွက်တွင် လူနေအိမ် (၁)လုံး၊ အခြားအဆောက်အဦ(၁) လုံးပျက်စီး ဆုံးရှုံးမှုတန်ဖိုး ၂.၀၀ ကျပ်သန်း၊ ဥယျာဉ်ပြင် ကျေးရွာတွင် လူနေအိမ် ၂ လုံးပျက်စီး  ဆုံးရှုံးမှုတန်ဖိုး ၀.၄၀ကျပ်သန်း၊ အမှတ်(၄)ရပ်ကွက်တွင် လူနေအိမ်(၁)လုံး အခြားအဆောက်အဦ (၃)လုံးစုစုပေါင်း (၄)လုံးပျက်စီး ၊ဆုံးရှုံးမှုတန်ဖိုး ၁.၉၀ ကျပ်သန်း၊  ကညင်ကွင်းကျေးရွာတွင် လူနေအိမ်(၁)လုံးပြို ကျမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၀.၅၀ကျပ်သန်း၊ သာယာကွင်းကျေးရွာအုပ်စုတွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းပျက်စီး ဆုံးရှုံးမှုတန်ဖိုး ၀.၀၅ကျပ်သန်း၊ တရော်တောကျေးရွာ အုပ်စုတွင် လူနေအိမ်(၁၃)လုံးပျက်စီး ဆုံးရှုံးမှုတန်ဖိုး ၂.၉၅ကျပ်သန်း၊ သံပုရာကျေးရွာတွင် လူနေအိမ်(၅)လုံးပျက်စီး ဆုံးရှုံးမှုတန်ဖိုး ၀.၅၀ကျပ်သန်း၊ဂျိတ္တောရပ်ကွက်တွင် လူနေအိမ် (၄)လုံး ဆုံးရှုံးမှုတန်ဖိုး ၀.၇၇ကျပ်သန်း၊ ကျွဲသောက်ကျေးရွာတွင် လူနေအိမ်(၉)လုံး ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းပျက်စီး၊ ဆုံးရှုံးမှုတန်ဖိုး ၀.၇၀ကျပ်သန်း၊ ဂေါ့ရပ်ကွက်တွင် လူနေအိမ်(၂၅)လုံး ၊ ဆုံးရှုံးမှုတန်ဖိုး ၂.၈၀ကျပ်သန်း၊ ရွှေလှော် ကျေးရွာအုပ်စုတွင်လူနေအိမ်(၇)လုံး၊ အခြား အဆောက်အဦး(၁)လုံး၊ ဆုံးရှုံးမှုတန်ဖိုး ၁.၅၀ကျပ်သန်း၊ ရေကောက်ကျေးရွာအုပ်စုတွင် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း ဆုံးရှုံးမှုတန်ဖိုး ၁၄.၀၀ ကျပ်သန်း၊ မှိုဟင်းပြင်ကျေးရွာ၌ လူနေအိမ် (၄)လုံး၊ စာသင်ကျောင်း(၁)ကျောင်းပျက်စီး၊ ဆုံးရှုံးမှုတန်ဖိုး ၁.၁၆ကျပ်သန်း၊ ဘုရားမော်ကျေးရွာတွင် လူနေအိမ်(၇)လုံးပျက်စီး၊ ဆုံးရှုံးမှုတန်ဖိုး ၀.၅၃ကျပ်သန်း၊ ခရမ်းမော် ကျေးရွာတွင် လူနေအိမ်(၁၀)လုံး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁.၁၈ကျပ်သန်း၊ သစ်ငုတ္တိုကျေးရွာအုပ်စု၌ လူနေအိမ်(၄)လုံးပျက်စီး ဆုံးရှုံးမှုတန်ဖိုး ၁.၁၀ကျပ်သန်း၊ ဆင်ခေါင်းကျေးရွာအုပ်စုတွင် လူနေအိမ်(၅၁)လုံး၊ စာသင်ကျောင်း(၁)ကျောင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၆.၈၀ ကျပ်သန်း၊ ခြံပြင်ကျေးရွာတွင် လူနေအိမ်(၂)လုံး၊ ဘာသာရေး အဆောက်အဦ(၁)ပျက်စီး ဆုံးရှုံးမှုတန်ဖိုး ၀.၄၂ကျပ်သန်းနှင့် အလယ်ရွာကျေးရွာတွင် လူနေအိမ်(၃)လုံး ပျက်စီး ဆုံးရှုံးမှုတန်ဖိုး ၀.၂၅ကျပ်သန်းခန့်ဖြစ်ပြီး သံတွဲမြို့နယ်အတွင်းရှိကျေးရွာအုပ်စု (၂၄)အုပ်စုတွင် လူနေအိမ်စုစုပေါင်း (၁၉၉)လုံး ၊စာသင်ကျောင်း(၄)ကျောင်း၊ ဘာသာရေးအဆောက်အဦ(၅)ခု၊ အခြားအဆောက်အဦ (၆)ခု ပျက်စီးဆုံးရှုံးခဲ့ကာ စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၅၆.၇၁ ကျပ်သန်း၊ ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ကနဦးသတင်း ရရှိသည်။

အဆိုပါ”မိုခါ”မုန်တိုင်းတိုက်ခတ်မှုကြောင့် သံတွဲမြို့နယ်အတွင်း လူနှင့်ကျွဲ/နွားများ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)