ဂွ မေ ၁၅
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းတွင် မုန်တိုင်းသင့်ပြည်သူများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိသည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကြွေချိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် ရွှေဦးကွင်းကျေးရွာရှိ ရွာလယ် ဘက်စုံသုံးခန်းမတို့၌ မုန်တိုင်းသင့် ပြည်သူများအား မုန်တိုင်းအတွင်း ထိခိုက်ဒဏ်ရာရရှိမှုများနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုများအား အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်