အမ်း မေ ၁၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ယမန်နေ့ နေ့လယ်က အမ်းလေဆိပ်ရှိ လေယာဉ်ကွင်းမီးသတ်ကား အဆောက် အဦ(၁)လုံး ပြိုကျပျက်စီး၍ နေအိမ်(၁၂) လုံး၊ တဲ(၄၁)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် တောင်ဖီလာအုပ်စုတွင် အထက(မင်းတက်) အမိုးကွာကျ နေအိမ်(၇)ပျက်စီး၊ တပ်တောင်မြို့ အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းရှိ နေအိမ်(၃)လုံး အမိုးသွပ်ပြားများလန် အိမ်တိုင်များ ယိုင်နဲ့သွား၊ အမ်းတောင်အုပ်စု မူလွန် (ပျဉ်းတော)ကျောင်း (၂)ခန်းတွဲ အိမ်သာ(၂)လုံးပေါ်သို့ သစ်ပင်လဲကျ၍ အမိုးပြိုကျ၊ အမ်းလေဆိပ်ရှိ လေယာဉ်ကွင်းမီးသတ်ကားအဆောက်အဦပြိုကျပျက်စီး၊ စနဲ ကျေးရွာတွင် နေအိမ်(၂)လုံးပေါ်သို့ သရက်ပင်လဲကျ၍ အမိုးပျက်စီ၊ အမ်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တဲ(၄၁)လုံးပြိုကျပျက်စီးခဲ့ကြောင်းနှင့် လူ/တိရိစ္ဆာန်ထိခိုက်သေဆုံးမှု မရှိပါကြောင်း ယနေ့ ညနေ(၅)နာရီ အချိန်အထိ သိရသည်။
ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက ဦးဆောင်မှုဖြင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့တို့က ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)