ကျိန္တလီ မေ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အမှတ်(၂)ရပ်ကွက် မြို့မဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသော မုန်တိုင်းဘေးရှောင် ပြည်သူများအား အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နိုင်မှ စားရေရိက္ခာများကို ယနေ့နေ့လယ်ပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ အမှတ်(၂)ရပ်ကွက်ကမ်းနားလမ်းနေ မုန်တိုင်းဘေးရှောင်ပြည်သူများသည် ယနေ့နံနက်ပိုင်းက မုန်တိုင်းခိုလုံရာနေရာအမှတ်(၂)ရပ်ကွက် မြို့မဘုန်းတော်ကြီးကျောင်း၊ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းနှင့် အ.ထ.ကကျိန္တလီကျောင်းသို့ ရွှေ့ပြောင်းရောက်ရှိနေကြပြီးဖြစ်ရာ ကျိန္တလီမြို့အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နိုင်မှ စားရေရိက္ခာများ အခက်အခဲမဖြစ်စေရေးအတွက် မြို့မဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသော အိမ်ထောင်စု(၄၃)စု၊ ကျား(၄၉)ဦး၊ မ(၉၈)ဦး စုစုပေါင်း(၁၄၇)ဦးတို့တွင် စားရေရိက္ခာ အခက်ခဲရှိနိုင်သည့် အိမ်ထောင်စုများကို ဆန်(၁၀)ပြည် အိတ်ပိုင်း(၁)ပိုင်း၊ မာမီးခေါက်ဆွဲခြောက်ထုပ် အထုပ်(၃၀)ပါ (၆)ဖာနှင့် ငါးနီတူ (၂)ပိဿာတို့ကို သွားရောက်ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။
ဇော်လင်း