သံတွဲမြို့နယ်တွင် “အင်အားပြင်းမိုခါမုန်တိုင်း” တိုက်ခိုက်မှုကြောင့်လူနေအိမ်နှင့် အဆောက်အဦ အချို့ ထိခိုက်ပျက်စီးမှုဖြစ်ပွား

သံတွဲ    မေ ၁၄

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ယနေ့နံနက်က “အင်အားပြင်းမိုခါမုန်တိုင်း” တိုက်ခိုက်မှုကြောင့်လူနေအိမ်နှင့် အဆောက်အဦအချို့ ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် သံတွဲမြို့နယ်အတွင်းရှိ ငပလီလေယာဉ်ကွင်း VIP အဆောင်ဆင်ဝင် အမိုးလန် ဆုံးရှုံးမှုတန်ဖိုး ၃၅၀၀၀ဝိ/- ၊ အမှတ်(၄)ရပ်ကွက် နေအိမ်တစ်လုံးအမိုးလန် ဆုံးရှုံးမှု တန်ဖိုး ၃၅၀၀၀ဝိ/-၊ ကျောက္ကလပ်ကျေးရွာတွင် လူနေအိမ်()၁၄)လုံး အမိုးလန် ဆုံးရှုံးမှုတန်ဖိုး ၇၁၀၀၀၀ဝိ/-၊ ဥယျာဉ်ပြင်ကျေးရွာတွင် လူနေအိမ်(၂)လုံးအမိုးလန် ဆုံးရှုံးမှုတန်ဖိုး ၄၀၀၀၀ဝိ/-၊ မော်ရုံ ကျေးရွာတွင် လူနေအိမ်(၁၃)လုံး အမိုးလန်၊ ထရံကွာ ဆုံးရှုံးမှု တန်ဖိုး ၂၃၀၀၀၀ဝိ/-၊ ဥယျာဉ်ကွင်း ကျေးရွာရှိ စာသင်ကျောင်းဝန်ထမ်းအိမ်ယာနှင့် ခြံစည်းရိုးပျက်စီး ဆုံးရှုံးမှုတန်ဖိုး ၁၂၀၀၀၀ဝိ/- နှင့် ကညင်ကွင်းကျေးရွာတွင် လူနေအိမ်(၁)လုံးပြို ကျမှုကြောင့် ဆုံးရှုံးမှု တန်ဖိုး ၅၀၀၀၀ဝိ/-ခန့်ဖြစ်ပြီး စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဖိုး (၁၂၂၂၀၀၀၀ဝိ)သိန်း (ကျပ် တစ်ရာနှစ်ဆယ့်နှစ်သိန်း)ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 ခရိုင်ပြန်/ဆက်