ဂွ မေ ၁၄
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့က မုန်တိုင်းဘေးရှောင်စုရပ်များသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရွာမရပ်ကွက်ရှိ ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းနှင့် ဂွ အ.ထ.က ကျောင်းရှိစုရပ်တွင်လည်းကောင်း၊ မြို့မရပ်ကွက်ရှိ မြို့ဦးတောင်ပေါ်ကျောင်း၊ အ.လ.က အလယ်ရွာ၊ ဇေယျမင်္ဂလာသိဒ္ဓိကျောင်းရှိ စုရပ်တို့တွင်လည်းကောင်း မုန်တိုင်းဘေးရှောင် ပြည်သူများထဲမှ နှာစေး၊ ချောင်းဆိုးနှင့် ဝဲယားနာရောဂါရှိသည့် ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်