မင်းပြား မေ ၁၄
ရခိုင်ပြည်နယ် မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မုန်းတိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှ ဒေသခံပြည်သူများအား မုန်တိုင်း ခိုလုံရာနေရာသို့ပြောင်း ရွှေ့လျက်ရှိရာယမန် နေ့ညနေထိဆက်လက် ပြောင်းရွှေ့ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ပြောင်းရွှေ့ဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌ ဦးမျိုးစိုးမိုး ဦးဆောင်ကြီးကြပ်မှုဖြင့်မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့အစည်းများက မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင် သည့် ကျေးရွာများမှသက်ကြီး ရွယ်အိုများ၊ကလေးများ၊ အမျိုးသမီးများ၊မသန်စွမ်း သူများအား မုန်တိုင်းဘေးလွတ်ရာ နီးစပ်သည့် ကျေးရွာများရှိဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ အသက်ကယ်ကုန်း၊ မြို့ပေါ်ရှိသတ်မှတ်နေရာ စုရပ်များသို့ ကြိုတင်ရွေ့ပြောင်းရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျစီစဥ်ဆောင်ရွက်လျက်ရှိရာ မင်းပြားမြို့နယ်ရှိ ဥတ္တရာ၊ အိုင်ဝန်း၊ လဟာကျယ်၊ ကျွဲတက်၊လဟာကျယ်၊ခွေးတောက်ချောင်း၊ လိပ်ကျောက်ရ၊ တောကန်၊ ဥတ္တရာ၊ အိုင်ဝန်း၊ မညှင်းပြင်၊ခေါင်းလောင်းချောင်း၊ ဇီးကိုင်းရွာဟောင်း၊ ဇီးကိုင်းရွာသစ်၊ အောက်ငှက်ပျောချောင်း၊ ဇင်ယော်မော်၊ တဲနန်းပြင်၊ စမ္ဘရာ၊မှ င်တောက်၊ ခမောင်း တောစသည့်ကျေးရွာ(၁၇)ရွာမှ အိမ်ထောင်စု (၂၉၈၅) စု ၊လူဦးရေ (၁၁၆၉၃ )ဦးအား မုန်တိုင်းအန္တရာယ် ဘေးလွတ်ရာနေရာများသို့ ဆက်လက်ပြောင်းရွေ့နေ ထိုင်ကြသော ပြည်သူများ၏ စားဝတ်နေရေးအတွက်ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှဆန်၊ ဆီ၊ ဆား၊ ငါးပိများကိုမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်