ပေါက်တော မေ ၁၄
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက မုန်တိုင်းရှောင် ပြည်သူများထားရှိရာ ယာယီခိုလှုံရေးစခန်းများသို့ သွားရောက်၍ ထောက်ပံ့ပစ္စည်းများပေးအပ်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများပါဝင်သော အဖွဲ့သည် ပေါက်တောမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းကျေးရွာများမှမုန်တိုင်း ရှောင်ပြည်သူများ ရောက်ရှိနေသည့် မြို့နယ်သာသနာ့ဗိဗာန်တော်ခန်းမနှင့် ဘုန်းတော်ကြီး ကျောင်းများ၌ ပြည်သူများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကူညီထောက်ပံ့ပေးသည့် ဆန်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့ပြင် မုန်တိုင်း တိမ်းရှောင်နေသော ပြည်သူများအား စားနပ်ရိက္ခာနှင့်၊ သောက်သုံးရေ လုံလောက်မှု နေရာထိုင်ခင်း အဆင်ပြေမှုရှိစေရန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)