ဂွမြို့နယ်အတွင်းရှိ  မုန်တိုင်းဘေးခိုလှုံရာ နေရာများသို့  ရောက်ရှိနေသည့် ပြည်သူများအား  စားရေရိက္ခာများ ထောက်ပံ့ပေးအပ်

ဂွ   မေ ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် အတွင်း မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သော ကျေးရွာများမှ ပြည်သူများအား  မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့  ဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေး အသင်းများက စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများသို့ စနစ်တကျ ပြောင်းရွေ့ပေးခဲ့ကြပြီး မုန်တိုင်းဘေး ခိုလှုံရာ ပြည်သူများအတွက် စားရေရိက္ခာများကို ယမန်နေ့က ထောက်ပံ့ပေး အပ်ခဲ့ကြ သည်။

 ဂွမြို့နယ်၌  မုန်တိုင်းခိုလုံရာနေရာများရှိ ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

 ဂွမြို့နယ်တွင်ရခိုင်ပြည်နယ်အစိုးရနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မုန်တိုင်းခိုလှုံရာ နေရာများဖြစ်သည်ြ ရွာမရပ်ရပ်ကွက်၊ ရဟိုင်ကူးတို့၊ မြို့မရပ်ကွက်၊ တောင်ပေါက် ကျေးရွာ၊ တင်းတောကျေးရွာ၊ မကျေးငူကျေးရွာ၊ ဆပ်သွားကျေးရွာ၊ ဇီးကုန်းကျေး ရွာ၊ ကြွေချိုင်ကျေးရွာ၊ လောင်းကျိုးကျေးရွာတို့ရှိ မုန်တိုင်းဘေး ခိုလှုံရာ ပြည်သူ(၂၈၃၈) ဦးတို့အတွက် မုန်တိုင်းခိုလှုံ နေထိုင်ကြစဥ် ကာလအတွင်း ပြည်သူများ စားရေရိက္ခာ ဖူလုံစေရေးအတွက် ဆန်(၁၀၀)အိတ်၊ ၅ဂါလံ  ဝင်ဆီပုံး(၃၂)ပုံးနှင့် ရေသန့်ဘူးကြီး(၂၀)ဘူး၊ ခေါက်ဆွဲခြောက်(၁၅)ပါကင်၊ ကြက်ဥ အလုံး(၅၀၀)တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်သူ များအား မုန်တိုင်းအန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင်ကာကွယ်နေထိုင်နည်းများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်