ရသေ့တောင် မေ ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင် လေ့ကျင့်သော မုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ယနေ့နံနက် ၇ နာရီအချိန်ကမြို့မစျေးဝင်းအတွင်းပြုလုပ်ရာ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်သော မိုးလေဝသသတင်းအခြေအနေများကို စဉ်ဆက်မပြတ် နားထောင်ရန်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ် လျက်ရှိသော လေဖိအားနည်းရပ်ဝန်း အခြေအနေနှင့် ပတ်သက်သည့် အရောင်အဆင့်သတ်မှတ်ချက် ပြောင်းလဲမှုများနှင့် ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ရောက်ရှိလာပြီး မုန်တိုင်းသည် ပိုမိုအားကောင်းလာကာ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည်ဟု သတင်းရရှိမှုကြောင့်မပေါ့ဆဘဲ ကြိုတင်ပြင်ဆင်ထားကြရန်မှာကြားပြီး ၊မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဒေါ်မအေးသန်းက မြို့မစျေးဝင်းအတွင်းမှ ကုန်သည်များအနေဖြင့် ပျက်စီးလွယ်သည့်ကုန်များ အားလုံခြုံသောနေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားကြရန်၊ ငါးဖမ်းဘုတ်၊ လှေများအား မုန်တိုင်သတိပေး ချက်များ အတိုင်လိုက်နာဆောင်ရွက်ကြပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်က မိမိတို့ဌာနဆိုင်ရာများသည် ပြည်သူများကို ဝန်ဆောင်မှုပေးနေကြသူများ ဖြစ်ကြောင်းသက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ကူညီရွှေ့ပြောင်းပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းစသည့်တိုကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီးမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ကြသည်။ ယခုလို ဇာတ်တိုက်လေ့ကျင့်သကဲ့သို့ မုန်တိုင်းဖြစ်ပေါ်လာနိုင်သည့် အရောင်အဆင့်အလိုက် ဆက်လက် လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း၊ ရပ်ကွက်နေပြည်သူများနှင့် ထိတွေ့ပြီး ကူညီကယ်ရေး လုပ် ဆောင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိဘပြည်သူများအနေနှင့်လည်း မိမိတို့ ကူညီဆောင်ရွက်နိုင်မည့် အခြေအနေများကို ကူညီဆောင်ရွက်ပေးကြပါ ရန်မုန်တိုင်းစတင် ဖြစ်ပေါ်လာနိုင်သည့် အချိန်မှစတင်ပြီး ၄ ရက်တာ ကာလအတွင်း အထူးဂရုပြု နေထိုင်ကြရန်နှင့် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် သဘာဝဘေး မုန်တိုင်းအန္တရာယ်
ကျရောက်ပါက ကူညီကယ်ဆယ်ရေလုပ် ငန်းများကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများ၊ စေတနာ့ ဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များဖြင့် အသင့်စုဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းဟောပြောပြီး မီးသတ်တပ်ဖွဲ့ဝင်များ ကမုန်တိုင်းဘေးအန္တရာယ်သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းများအား သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရသေ့တောင်(ပြန်/ဆက်)