သံတွဲ မေ ၁၀
သံတွဲမြို့နယ်၊ ငပလီမြို့ရှိ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့နေထိုင်ရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းကို ယနေ့ ညနေ ၃ နာရီက နာရီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှတာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်းများဖြစ်သည့် ဂျိတ္တောရပ်ကွက်ရှိ ဂျိတ္တောကျောင်းကြီး၊ ဓမ္မသုခဘုန်းတော်ကြီးကျောင်း၊ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်၊ မဒေးတောင်ဘုရားကုန်းတော်ပေါ်ရှိ ဓမ္မာရုံ၊ ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်း၊ မြပြင်ကျေးရွာရှိ မြရတနာဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံပြည်သူများ ဘေးအရာန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်ရေး၊ သောက်သုံးရေ သိုလ်လှောင်ထားရှိမှု၊ ထင်းများ သိုလ်လှောင်ထားရှိမှုထမင်း၊ ဟင်းချက်ပြုတ် မည့် စားဖိုချောင်များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် ငပလီမြို့ အုပ်ချုပ်ရေးမှုးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအားတွေ့ဆုံ၍ ပင်လယ်ကမ်းခြေတွင် နေထိုင်ကြသော တံငါသည်ပိုက်တဲများတည်ရှိရာ ကမ်းခြေများသို့သွားရောက်၍ ပြည်သူများအား ယနေ့ည ၇ နာရီအပြီး သတ်မှတ်ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ကြရန် သတိပေးမှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်