သံတွဲမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူ

သံတွဲ   မေ   ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရခိုင်ပြည်နယ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင်  သံတွဲမြို့အ.ထ.က(၁)၊ မြို့နယ် ပညာရေးမှူးရုံးနှင့် ငပလီမြို့ မီးပွိုင့်လမ်းဆုံတို့တွင် စိုက်ထူခဲ့ကြသည်။

 ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေး သီတင်းပတ်မှာ မေလ၂၃ ရက်နေ့မှ  ၃၁ ရက်နေ့ထိဖြစ်ပြီး ကျောင်းအပ်နှံရေး ဆောင်ပုဒ်မှာ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/သူများ၊ မိဘများ သိရှိနိုင်ရန်ဖြစ်ပြီး စိုက်ထူခဲ့ရာ၌  ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာကြီး၊  ဆရာမကြီးများ၊   ဆရာ၊ ဆရာမများ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

နေမျိုးအောင်(ပြန်/ဆက်)