ဘူးသီးတောင် မေ ၁၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို အထူးအလေးထားဆောင် ရွက်ကာ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှုအား ပြည်သူများသို့ အသိပေးကွင်းဆင်း သရုပ်ပြပွဲကို ယမန်နေ့ညနေပိုင်းက ဘူးသီးတောင်မြို့နယ် သံခြေကျေးရွာနှင့် ကုတိုးဆိပ် ကျေးရွာတို့၌ပြုလုပ်ခဲ့ကြသည်။
အဆိုပါ သရုပ်ပြပွဲကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်မည့်ပစ္စည်းကိရိယာများဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သရုပ်ပြခဲ့ကြပြီး မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ဘူးသီးတောင်မြို့နယ်ရှိလူ၊ တိရိစ္ဆာန်၊အဆောက်အအုံများ ထိခိုက်ပျက်စီးမှု လျေ ာ့နည်းစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ စုရပ်များ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ မုန်တိုင်းအသိပေးဆော်သြခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် မုန်တိုင်းကျရောက်လာပါက မီးသတ်ဦးစီးဌာနအနေဖြင့်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)