မြောက်ဦးမြို့၌ သျှစ်သောင်းဘုရားဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ကျေးရွာပေါင်းစုံ (အလွတ်တန်း) ဗိုလ်လုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မြောက်ဦး  မတ်  ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ လေးမျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်  ဗိုလ်လုပြိုင်ပွဲကို ယမန်နေ့နံနက် ၈ နာရီ အချိန်က ဗန္ဓုလရပ်ကွက်၊ ဘောလုံးကွင်း၌ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့ကြ သည်။

အဆိုပါ အလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် အသင်း(၂၁) ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရှုံးထွက်စနစ်ဖြင့် ကစားခဲ့ကြရာ နောက်ဆုံး ဗိုလ်လုပြိုင်ပွဲသို့ ငမဲပြင်အသင်းနှင့် သရက်တောအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သရက်တောအသင်းကို ငမဲပြင် ဘောလုံးအသင်းမှ ၁ ဂိုး ၀ ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆုကို ဆွတ်ခူးအနိုင်ရရှိခဲ့သည်။

ဆုပေးပွဲ အခမ်းအနားကိုကျင်းပကြရာ ပထမဆုရရှိသော ငမဲပြင်အသင်းကို နယ်မြေခံတပ်မမှူးမှ လည်းကောင်း၊ ဒုတိယဆုရရှိသော သရက်တောအသင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှလည်းကောင်း၊ ပွဲစဉ်အလိုက် အကောင်းဆုံးက စားသမားဆု၊ ရှေ့တန်းအကောင်းဆုံးကစားသမားဆု၊ အလယ်တန်း၊ အကောင်းဆုံး အားကစားသမားဆု တို့အား ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူတို့က ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်၊၊

ဆက်လက်၍  သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ လေးမျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်  ကျေးရွာပေါင်းစုံအမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ နယ်မြေခံတပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘောလုံးဝါသနာရှင်များ၊ ဒေသခံပြည်သူများတို့ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)