မြေပုံမြို့၌ သဘာဝဘေး(မုန်တိုင်း)အန္တရာယ်ကြိုတင်ကာကွယ်ရေး အရေးပေါ်အစည်းအဝေးပြုလုပ်

မြေပုံ မေ ၅  

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ CSO အဖွဲ့ဝင်များတို့က သဘာဝဘေး(မုန်တိုင်း)အန္တရာယ်ကြိုတင်ကာကွယ်ရေး အရေးပေါ်အစည်းအဝေး တစ်ရပ်ကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ပြုလုပ်သည်။

ရှေးဦးစွာ နယ်မြေခံတပ်နယ်မှ ဗျူဟာမှူးကြီးထွဋ်ခေါင်က မိမိတို့မြို့နယ်သို့ လေမုန်တိုင်းကြီးကျရောက်နိုင်/မကျရောက်နိုင်ကို တိတိ ကျကျမသိရသေးသော်လည်း မိမိတို့မြို့နယ်အတွက်ကြို တင်ပြင်ဆင်မှုအကောင်းဆုံးဖြစ်ရန်နှင့်ထိခိုက်နစ်နာမှုအနည်းဆုံးဖြစ်ရန် ကြိုတင်ဆောင်ရွက်ထားမှု သည်အဓိကဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုးဦးခိုင်လင်းနိုင်က မိမိတို့ မြို့နယ် သို့ သဘာဝဘေး(မုန်တိုင်း)အန္တရာယ်ကျရောက်လာပါက လေတိုက်နှုန်း(၁)နာရီလျှင်မိုင် (၁၀၀) ကျော်လာပါက ပင်လယ်ကမ်းခြေရှိ မြို့နယ်အနေဖြင့် (၁၀၀)ရာခိုင်နှုန်း ထိခိုက်နိုင်၍သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ စီမံချက်ရေးဆွဲအကောင်အထည်ဖော်ကြရာ၌ ကြိုတင်ပြင်ဆင်မှု ဆပ်ကော်မတီနှင့် ပြန်လည်ထူထောင်ရေးဆပ်ကော်မတီတို့က မိမိတာဝန်ကိုအလေးအနက်ထား ဆောင်ရွက်ကြရန်‌ပြောကြားသည်။ သက်ဆိုင်ရာဆပ်ကော် မတီမှ တာဝန်ရှိသူများကယခင်မိမိတွေ့ ကြုံခဲ့သော(မုန်တိုင်း)အန္တရာယ်အတွေ့အကြုံများကို သင်ခန်းစာယူ၍ ကြိုတင်ကာကွယ်ခြင်းနှင့်ရှာ ဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သောအထောက်အကူပစ္စည်းများကို ပြုစုတောင်းခံနိုင်ရေး ဆွေးနွေးကြကြောင်းသိရသည်။

တင်ဝင်း