ကျောက်တော်မြို့တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

ကျောက်တော် မေ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၃ခုနှစ် ၊ မေလ (၅)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စွာညွန့်က ၂၀၂၃ခုနှစ် ၊ မေလ (၅)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မိန့်ခွန်းအား ဖတ်ကြားခဲ့သည်။ (၇၇)နှစ်အတွင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုအတွင်း မီးဘေးအန္တရာယ်လုံခြုံရေး၊ သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေး စသည့် ရည်မှန်းချက် တာဝန်များကို ဦးလည်မသုန် တာဝန်ထမ်းဆောင်ခဲ့ကြသည်ကို ဂုဏ်ပြုသည့် အခမ်းအနား ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့​နောက် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့‌ နေ့အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူးက မီးသန်နပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ မီးဘေးကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးစသည့် ဘေးအန္တရာယ်များ မကျရောက်စေရေးအနွက် မိမိတို့ မီးသတ်တပ်ဖွဲ့ဝင်များမှ အစွမ်းကုန် ကြိုးစားကူညီဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး‌ရှေ့တွင် လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြသခြင်း၊ ဂစ်အိုးမီးလောင်မှုအား မီးငြိမ်းသတ်သရုပ်ပြခြင်းနှင့် မီးသတ်‌ဆေးဗူးလက်‌တွေ့ အသုံးပြုပုံများအား  လက်တွေ့ပြသခဲ့ကြကြောင်း သိရသည်။
ခင်မောင်ထွန်း