ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ဟိုပန် မေ ၅

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)တို့ ပူးပေါင်းပြီး စာအုပ်၊ စာပေဖတ်ရှု့ လေ့လာသူ ပိုမိုများပြားလာစေရန်နှင့် အသိပညာဗဟုသုတများရရှိကြစေရန်အတွက် ယမန်နေ့ မွန်းလွဲ(၂)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ခင်စုစုစံနှင့် မြနှင်းရည်ရှိန်တို့မှ ဘာသာပြန်ဆိုရေးသားထားသည့် "အရာအားလုံးကို ပြောင်းလဲစေသော အားပေးမှု" ဆိုသည့် သုတစာအုပ်ကို မိတ်ဆက်ကာ "ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးပါ" ခေါင်းစဉ်အား ဖတ်ကြား၍ ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် ဟိုပန်မြို့နယ်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဝင် ဒေါ်ထက်ထက်ဝေက "မိမိကိုယ်ကို အားပေးပါ"နှင့် "တိုးတက်စေသော အားပေးမှု"၊ ဒေါ်အေးချမ်းမိုးက "လုပ်ဖော်ကိုင်ဖက်ကို အားပေးပါ"နှင့် ဒေါ်အိမွန်စိုးက "မျှော်လင့်ချက်ကို ပေးစွမ်းသော အားပေးမှု" စသည့် ခေါင်းစဉ်များကို စိတ်ဝင်တစား ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)