မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ဆောင်ရွက်

မိုင်းငေါ့ မေ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက်  (၁၁) နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ဝန်ထမ်းများ လုပ်ရည်ကိုင်ရည်များ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ရာ နိုင်ငံ့ဝန်ထမ်းများ ထမ်းဆောင်ရမည့် တာဝန်(၃)ရပ်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်(၃၀)ပါး‌ကို အသီးသီးဖတ်ကြား‌ခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းငေါ့မြို့ရုံးမှ ဝန်ထမ်းများက တစ်လလျှင် နှစ်ကြိမ်နှုန်း လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့၊ ပြန်/ဆက်)