တောင်ကုတ်မြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြု စုပေါင်းသွေးလှူဒါန်း

တောင်ကုတ် မေ ၁

(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာန မှတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များက ယနေ့နံနက်ပိုင်းတွင် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသွေးလှူဒါန်းရာတွင် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူ နေကြသော လူနာများအတွက်  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆွေလင်းမောင် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း(၁၇)ဦးက လိုအပ်သောသွေးများကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်