ရသေ့တောင်မြို့ပေါ်‌ နေပြည်သူများအတွက် ရေသယ်ယာဉ်များဖြင့် အလှည့်ကျ ရေဖြန့်ဝေပေး

ရသေ့တောင်  မေ ၁

ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ ရသေ့တောင်မြို့တွင် နွေရာသီ ရေခမ်း‌ခြောင်မှု ပြဿများကြောင်း မြို့ပေါ်နေ ပြည်သူများ သောက်သုံးရေ အခက်အခဲများ ကြုံတွေနေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်မှ

ကြီးမှူး၍ မြို့နယ်စည်ပင်သာယာ‌ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့ပေါ်နေ ပြည်သူများ သောက်ရေ၊ သုံးရေ ရှိရေးအတွက် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ရေစုကန်များတွင် ရေဖြန့်ဝေပေးလျက်ရှိရာ ယ‌‌နေ့ နံနက်၈နာရီတွင်‌ အရှေ့‌မြောက်ရပ်ကွက်‌ ရေစုကန်အမှတ်(၈)တွင်စည်ပင်မှ Tipper‌ ရေသယ်ယာဉ်ဖြင့် ရေဂါလံ(၇၅၀) ဖြန့်ဝေပေးခဲ့ကြသည်။

 ရသေ့တောင်မြို့နယ်တွင် မိုးရာသီတွင် မိုးရာသီ မိုးရေချိန်ပြည့်မီအောင် မရရှိခဲ့သဖြင့် ယခုလို ရေမလုံမလောက်မှု ဖြစ်ပေါ်ရခြင်းဖြစ်ပြီး၊ ပြည်တွင်းနေရပ် စွန့်ခွာသူ လူဦးရေများ တိုးပွားလာမှုကြောင်း ရေမလုံလောက်ခြင်း ဖြစ်ပေါ်ရခြင်းဖြစ်သည်။

မြို့နယ်(ပြန်/ဆက်)