တောင်ကုတ်မြို့ နယ်မီးသတ်ဦးစီးဌာနမှ လူထုအကျိုးပြုလုပ်ငန်းအဖြစ် ရေလှူဒါန်း

တောင်ကုတ် မေ ၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီကာလအတွင်း ပြည်သူများသောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ လူထုအကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေအခက်အခဲရှိသည့် ပြည်သူများသို့ သောက်သုံး‌ရေများ လှူဒါန်းခြင်းကို ဆောင်ရွက် လျက်ရှိရာ ဧပြီလ (၂၉) ရက်နေ့က သောက်သုံးရေ အခက်အခဲရှိသည့် ရပ်ကွက်များသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

သောက်သုံးရေများ လှူဒါန်းရာတွင် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးခင်ကျော်လင်းနှင့် တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေ အခက်အခဲရှိသည့် ရပ်ကွက်များသို့ သွားရောက်၍ ရပ်ကွက်များရှိ အများသုံးရေစုကန်များတွင် ရေဖြည့်လှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး သောက်သုံးရေ ရှားပါးသည့် အခြားရပ်ကွက်၊ ကျေးရွာများသို့လည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များသို့ ရေဖြန့်ဝေပေးရာတွင် ယခင်ကနေ့စဉ် ဖြန့်ဝေပေးနိုင်သော်လည်း လက်ရှိတွင် ဂရုဏာဆည်၌ ရေလက်ကျန်ပမဏနည်းလာသည့်အတွက် မိုးမကျမီရေပြတ်လပ်မှုမရှိစေရေး (၂)ရက်ခြား အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိရာ ရပ်ကွက် အချို့၌ သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်