တောင်ကုတ်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

တောင်ကုတ် ဧပြီ ၃၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက တောင်ကုတ်-သံတွဲကားလမ်းဘေးရှိ ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်ဌာနဆိုင်ရာများက တရဂူကျေးရွာ၊ တပျော့ကျေးရွာ၊ ချောင်းသုံးခွကျေးရွာ၊ ကမ်းဒေးကျေးရွာနှင့် ဟုန်းပေါက်ကျေးရွာ များရှိတောင်သူ များနှင့် တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးရေး၊ စိုက်ပျိုးရေရရှိရေ ၊ သီးထပ်သီးညှပ်စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ရေးတို့ကို ဆွေးနွေးခဲ့ပြီးနောက် သက္ကယ်ပြင်ကျေးရွာတွင် နွေထယ်ရေးထွန်ယက်ခြင်း ဧက(၂၀)ကို ကြည့်ရှုကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့သည် သက္ကယ်ပြင်ကျေးရွာ ဘုန်း တော်ကြီးကျောင်းတွင် တောင်သူ(၁၀၀)ဦးနှင့်လည်းကောင်း၊ ကမ်းဒေးကျေးရွာရှိ အ.ထ.က ကျောင်းတွင် ကမ်းဒေးကျေးရွာရှိ တောင်သူ(၅၀)ဦးနှင့်လည်းကောင်း တွေ့ဆုံ၍ မိုးစပါး ရာနှုန်းပြည့် စိုက်ပျိုးရေး၊ စိုက်ပျိုးရေရရှိရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးရေး၊ စနစ်ကျသောမွေးမြူရေး တိုးချဲ့ရန်နှင့် သမဝါယမလုပ်ငန်းများမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ပြီးနောက် တောင်သူများ၏ ပြန်လည်မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်