မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ  မြို့နယ်အတွင်း ကျေးလက်ကျန်းမာရေးဆေးပေးခန်း ဆောက်လုပ်နိုင်ရေး လျာထားမြေနေရာနှင့် ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ မရောင်းချစေရန်အတွက် ကွင်းဆင်းစစ်ဆေး

မောင်တော ဧပြီ  ၃၀

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက  မြို့နယ်အတွင်း ကျေးလက်ကျန်းမာရေး ဆေးပေးခန်း ဆောက်လုပ်နိုင်ရေး လျာထားမြေနေရာကြည့်ရှုစစ်ဆေးခြင်းနှင့် ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ မရောင်းချစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာနုကေသီစံ၊ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ မောင်တောမြို့၊ ရွှေဇားကပ္ပကောင်းကျေးရွာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအစီအစဉ်ဖြင့် ကျေးလက် ဆေးပေးခန်း ဆောက်လုပ်နိုင်ရေး လျာထားမြေနေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ လျှောက်ထားဆောင်ရွက်နိုင်ရေးလမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် Hemas Mandalar Pharmaceuticals Ltd,၏ တရားဝင် မှတ်ပုံတင်ထားသည့် ဆေးဝါးဖြစ်သည့် Crestor 10 mg Table (Rosuvastatin 10 mg ) (2507AA5687) နှင့် ပုံစံတူ တရားမဝင်ဆေးဝါးများအား မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရောင်းချနေမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီးတရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ကာလ ကျော်လွန်နေသည့် ဆေးဝါးများရောင်းချမှုမရှိစေရေး၊ အနောက်တိုင်းဆေးရောနှောပြီး မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ မရောင်းချစေရန် ကွင်းဆင်းစစ်ဆေးခဲ့ကြကာ ဆေးဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)