မောင်တော ဧပြီ ၂၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန် စားသောက်ကုန်များအား မရောင်းချစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဈေးဆိုင်၊ဆေးဆိုင်များသို့ ပူးပေါင်း အဖွဲ့မှ ရှောင်တခွင်ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး ၊စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ရှိသူများ ပူးပေါင်း၍ သက်တမ်းလွန်မုန့်မျိုးစုံ၊ မှတ်ပုံတင်ထားခြင်းမရှိ သည့် စားသောက်ကုန်များ၊ အနောက်တိုင်းဆေးဝါးများ၊ အနောက်တိုင်းဆေးရောနှောပြီး မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ မရောင်းချစေရန် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်