ဘူးသီးတောင်မြို့နယ်၌ စံပြကျေးရွာ၊ RBF၊ မြစိမ်းရောင်၊ VDP ကျေးရွာရွေးချယ်ရေး အခမ်းအနားကျင်းပ

ဘူးသီးတောင် ဧပြီ ၂၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြှင့်တင်ရေးစီမံကိန်း (RBF)၊နှင့် Smart Villageရွာ၊ Onevillage one product ကျေးရွာရွေး ချယ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၂)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်ဝင်းက စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းနှင့် အတည်ပြုခြင်းတို့တွင်သတ်မှတ်ထားသည့် အခြေခံမူများနှင့်အညီ စိစစ်ရွေးချယ်သွားကြစေလိုကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းလှိုင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ပတ်သက်၍ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ကျေးရွာအဖြစ် ကျေးရွာ(၁၀)ရွာအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် ယခု၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ကျေးရွာအဖြစ် ကျေးရွာ(၇)ရွာနှင့် အရန်ကျေးရွာ(၃)ရွာ၊ RBFရွာ၊ မြစိမ်းရောင်ရွာ၊ Smart village ၊ one village one product ကျေးရွာတို့ကို  ရွေးချယ်ဆောင်ရွက်သွားနိုင်ရေး ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကျေးရွာ (၇)ရွာနှင့် အရန်(၃)ရွာ၊ မြစိမ်းရောင်(၁)ရွာ၊ အရန်(၂)ရွာ၊RBF ရွာ (၁) ရွာ၊ အရန်( ၂) ရွာ၊ Smart Village(၁)ရွာ၊ One village one product(၁) ရွာတို့အား စိစစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ ဆက်)