အမ်း ဧပြီ ၂၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ တရားမဝင်ဆေးဝါးများစျေးကွက်အတွင်းတရားမဝင် ရောက်ရှိမှုမရှိစေရေးနှင့် ရောင်းဝယ်ဖြန့်ဖြူးဆောင်ရွက်မှုမရှိစေရေးကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ မြို့နယ်ကျန်မာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ကျော်မိုး နှင့်ပူးပေါင်းအဖွဲ့တို့က အမှတ်(၄)စျေးတောင်ရပ်ကွက် ဦးထွန်းမောင် ဆေးဆိုင်အမှတ်(၅) ဈေးရပ်ကွက်ရှိ ဆေးဆိုင်များသို့ သွားရောက်၍တရားမဝင်ဆေးဝါးများစျေးကွက်အတွင်းရောက်ရှိမှုရောင်း ဝယ်ဖြန့်ဖြူးမှုမရှိ စေရေးနှင့်သက်တန်းလွန်ဆေးဝါးများရောင်းချမှု မရှိစေရေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)